Arakan State and Muslims

ရခိုင်ပြည်နယ်နှင့် အစ္စလာမ်ဘာသာဝင်များ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သည် ဗုဒ္ဓဘာသာ ရခိုင်လူဦးရေ အများဆုံးရှိတဲ့ မြို့လေး တစ်မြို့ ဖြစ်ပြီး၊ မြို့နေ လူဦးရေ ၆၀% မှာ ရခိုင်လူမျိုးဖြစ်ပြီး၊ အစ္စလာမ် ဘာသာဝင်များသည် ဒုတိယ လူဦးရေ အများဆုံးဖြစ်ပြီး၊ ချင်းလူမျိုး ၊ဟိန္ဒူ လူမျိုး ၊ မာရမာကြီးလူမျိုးတွေလည်း ရှိပါသည်။

ချင်းလူမျိုး တို့သည် ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြပြီး၊ ဟိန္ဒူလူမျိုးများသည် ဟိန္ဒူ ဘာသာကို ကိုးကွယ်သူများဖြစ်သည်၊ ၄င်း အပြင် ရခိုင်မျိုးနွယ်ဝင် မာရမာကြီး လူမျိုးတွေလည်း ရှိပါသည်။ ၄င်း မာရမာကြီး လူမျိုးများ၏ ရုပ်ရည်သွင်ပြင်မှာ အစ္စလာမ် ဘာသာဝင်များနှင့် တူသော်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။

ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေခ့်ျ နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိပြီး ဘင်္ဂလားဒေခ်ျဘက်မှ ၀င်လာသော ရခိုင်လူးမျိုး ဗုဒ္ဓဘာသာဝင် တို့ အတွက် ဘာပြသနာမှ မရှိပါ။ အဘယ်ကြောင့် ဆိုသော် ၄င်းတို့သည် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ဘင်္ဂလားဒေခ့်ျဘက်မှ ၀င်လာသော ဗုဒ္ဓဘာသာဝင် ရခိုင်များမှ အချို့ပညာတတ်ရခိုင်များ သည် ရခိုင်ပြည်နယ်တွင် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရ အမှုထမ်းများ လုပ်လာကြသည် ကို တွေ့ရှိရပါသည်။အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌါန တွင် အမှုထမ်းလုပ်လာကြသည်ကို တွေ့ရှိရပါသည်။

၎င်းတို့သည် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်းအားဦးစီးဌါနတွင် နေရာရလာကာ အစ္စလာမ် ဘာသာဝင်များအား အမျိုးအမျိုး နှိပ်စက်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါတီထောင်ကာ မဲပေးခွင့်ရခဲ့ပြီး အစ္စလာမ် ဘာသာဝင်များ ထူထောင်ခဲ့သည့် “အမျိုးသား လူ့အခွင့်ရေး နှင့် ဒီမိုကရစ်တစ် ပါတီ”မှ အမတ်နေရာ (၄) နေရာ အနိုင်ရရှိခဲ့ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်အလို နှင့် ၁၉၉၀ ရွေးကောက်ပွဲ အပြီးတွင် ထိုပါတီမှ ပါတီဝင် အချို့ကို ဗိုလ်ချုပ်ခင်ညွှန့် က ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။

၁၉၉၁ ခုနှစ် မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များအား မြန်မာပြည်အထက်ပိုင်း သို့ သွားရောက်ခြင်းကိုပိတ်ပင်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ဖြစ်လာစေရန် စစ်အစိုးမှ ၁၉၉၀ နောက်ပိုင်း နိုင်ငံတော်အာဏာကို ထိန်းချုပ်လာခဲ့သည့် အပေါ် ရခိုင်လူမျိုး များက အစ္စလာမ် ဘာသာများ မကောင်းကြောင်း နှင့် ဘင်္ဂလားဒေခ်ျ နိုင်ငံမှ ဘင်္ဂလီများ ၀င်ရောက်လာသည်ဟု ဆိုကာ စစ်အစိုးရ အာဏာပိုင်များသို့ မဟုတ်မမှန် စာများရေးကာ ပို့ဆောင်ခဲ့ပြီး ဗိုလ်ချူပ်မှုးကြီး သန်းရွှေ မှ “အနောက်တံခါးကို လုံအောင်ပိတ်ပါ”ဆိုသည့် စာအုပ်ကို ထုတ်ဝေကာ ရခိုင်ပြည်နယ်မှ အစ္စလာမ် များ၏ သွားရေး လာရေးကို အတင်းအကြပ်ပိတ်ပင်ခဲ့ပါသည်။
၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မှ အစ္စလာမ် ဘာသာဝင်များ၏ လယ်မြေများကို စစ်တပ်မှ သိမ်းယူသောကြောင့် အစ္စလာမ် ဘာသာဝင်များ ရခိုင်ပြည်နယ် အတွင်းသို့ နေထိုင်ရခြင်းမှာ အချူပ်ခန်းထဲတွင် နေထိုင်ရသကဲ့ သို့ ရှိလာပြီး အသက်ကို စွန့်ကာ မိမိတို့၏ စားဝတ် နေရေးအတွက် နိုင်ငံရပ်ခြားသို့ ထွက်ခြင်းများ စတင်ခဲ့ပါသည်။

ထောင်ပေါင်းများစွာသော ရခိုင်ပြည်နယ်မှ အစ္စလာမ် ဘာသာဝင်များသည် မြန်မာပြည်အထက်ပိုင်းသို့ လာရောက်ပြီး ၄င်းမှ တစ်ဆင့် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် သွားခဲ့ကြပါသည်။ ထိုသို့ မလေးရှား နိုင်ငံနှင့် ကျန်ရှိ နိုင်ငံများသို့ ထွက်ခွါရာ နည်းမျိုးစုံဖြင့် သွားရောက်ခြင်း ဖြစ်ပြီး၊၄င်းတို့၏စားဝတ်နေရေးအတွက်အဆင်ပြေစေရန်အတွက် ငွေကြေးသွားရှာသူများပင် ဖြစ်ပါသည်။ရခိုင်ပြည်နယ်တွင် စီးပွါးရေး လုပ်ကိုင်ရန် အဆင်မပြေသဖြင့် ငွေကြေးရှာရန် နိုင်ငံရပ်ခြားသို့ သွားရောက်သည့် အစ္စလာမ် ဘာသာဝင် တော်တော်များများသည် လမ်းခရီးတွင် အသတ်ခံရသည်လည်း မနည်းလှပါ။ ရန်ကုန်- တောင်ကုတ်- အမ်း လမ်းတွင် အစ္စလာမ် ဘာသာဝင် တော်တော်များများ အသတ်ခံခဲ့ရပါသည်။ အလောင်းပင် မရရှိခဲ့ပါ။ ထိုသို့ သွားရာတွင် ရန်ကုန်-တောင်ကုတ်- အမ်း လမ်းရှိ တာဝန်ကျနေသော စစ်တပ် နှင့် တောင်ကုတ်မှ ရခိုင်များက သတ်ဖြတ်ခြင်း ဖြစ်ပါသည်။ တစ်ချို့ စိတ်ကောင်းရှိသည့် အာဏာပိုင်များ ဆိုလျှင် လ၀က ကို အပ်ပေးကာ ထို အစ္စလာမ် ဘာသာဝင်များအား ကလေးမကျန် ထောင်ဒဏ် (၁၀) နှစ်အထက် ချမှတ်ခဲ့ပါသည်။

ထိုသို့ ရန်ကုန်မြို့ (သို့) မြန်မာပြည်အထက်ပိုင်းမှမြို့ တစ်ချို့မှ နိုင်ငံရပ်ခြားသို့ ထွက်ခွါသူများသည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ၊ အစရှိသည့် မြို့များမှ လူများဖြစ်ပါသည်။မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မှ လူအများစု သည် ဘင်္ဂလားဒေခ်ျ နိုင်ငံမှ နည်းလမ်းရှာကာ နိုင်ငံရပ်ခြားသို့ ထွက်ခွါခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်များ မိမိတို့ နာမည်ဖြင့် မြေနေရာများ ၀ယ်ခြင်းကိုပါ ပိတ်ပင်ခံရပါသည်။
၁၉၉၃-ခုနှစ် နောက်ပိုင်းကာလများတွင် ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်တွေရဲ့ အခြေအနေမှာ တော်တော် စိုးဝါးလာခဲ့ပါသည်။ ပညာရေး တွင်လည်း ခွဲခြားဆက်ဆံမှုများ ခံရခြင်း၊ အစ္စလာမ် ဘာသာဝင် ကျောင်းသားများအား ကျောင်းတွင် ရခိုင်ကျောင်းသားများမှ ရန်ရှာခြင်း၊ ကျောက်အုပ်ကို တိုင်ကြားသော်လည်း ပြသနာကို မဖြေရှင်းပေးခြင်း၊ ရခိုင်ကျောင်းသားတွေ အပြစ်ရှိပါလျက် မျက်စိမှိတ်ကာ အစ္စလာမ် ဘာသာဝင်ကျောင်းသားများကို သာလျှင် အရေးယူခြင်းများ ရှိလာခဲ့ပါသည်။

ထိုသို့ အခြေအနေများကြောင့် ကျောင်းတွင် အစ္စလာမ် ဘာသာဝင်ကျောင်းသားများအား ရခိုင်ကျောင်းသားများမှ မဟုတ်မတရား ရန်ရှားခြင်း ခံရခြင်းကြောင့် စိတ်ဓါတ်များ ကျလာကာ ကျောင်းတစ်ပိုင်းတစ်စတွင် နိုင်ငံရပ်ခြားကို ထွက်သွားချင်စိတ်များ ဖြစ်လာခဲ့ပြီး နည်းမျိုးစုံဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွါသွားခြင်း ဖြစ်ပါသည်။တစ်ချို့ဆိုလျှင် စက်လှေများဖြင့် ထွက်သွားခြင်းရှိသော်လည်း လမ်းခရီးတွင် စက်လှေနစ်မြုတ် သေခဲ့ရသည်မှာလည်း မနည်းလှပါ။ထိုသို့ အစ္စလာမ် ဘာသာဝင်များ နိုင်ငံရပ်ခြားသို့ ထွက်ခွါရန် စီစဉ်နေသည်ကို အာဏာပိုင်များမှ သိလျှင် ဖမ်းဆီးအရေး ယူခဲ့ခြင်းများ ရှိခဲ့ပါသည်။ရခိုင်ပြည်နယ် မှ အစ္စလာမ် ဘာသာဝင်များသည် နိုင်ငံရပ်ခြားသို့ စက်လှေများဖြင့် ထွက်ခွါသွားရာတွင် ဖမ်းဆီးခြင်း ခံရပါက ထောင်ဒဏ် ၇ နှစ် မှ ၁၀ နှစ်အထိချမှတ်ခြင်းခံရပါသည်။

ရခိုင်ပြည်နယ်တွင် ယခင်က အစိုးရအမှုထမ်းလုပ်ခဲ့သည့် အစ္စလာမ် ဘာသာဝင်များအား အငြိမ်းစားပေးကာ နောက်နောင် အစိုးရ အမှုထမ်းတွင် အစ္စလာမ်ဘာသာဝင်များကို တာဝန်ထမ်းဆောင်စေခြင်းမရှိခဲ့ပါ။ ယခင်ကလည်း ရခိုင်ပြည်နယ်တွင် အမှုထမ်းဆောင်နေသော အစ္စလာမ်ဘာသာဝင် အစိုးရအမှုထမ်းများအား ရခိုင်များ ကန့်ကွက်ပြောင်းခိုင်းသည့် သာတက များရှိခဲ့ဖူးပါသည်။

၁၉၉၃-ခုနှစ်နောက်ပိုင်းတွင် ယခင် စစ်ထောက်လှန်းရေးချုပ် ဗိုလ်ချုပ် ခင်ညွှန့် မှ ရခိုင်ပြည်နယ် မှ အစ္စလာမ် ဘာသာဝင်တွေရဲ့ သမိုင်းဝင် အမွေအနှစ်တွေကို ဖျက်စီးခဲ့ပါသည်။ မြောက်ဦးမြို့ လောင်းကြတ်တောင်ရှိ ရခိုင့် ဘုရင့်နန်းတော် နားတွင် ရခိုင်ဘုရင်မှ ရခိုင်ပြည်ကို တိုက်ခိုက်ယူပေးခဲ့သည့် ဗိုလ်ချုပ် စီဒီခါန် (General Seidikhan) အမည်ဖြင့် ဆောက်လုပ်ပေးခဲ့သည့် ထိုဗလီအား ဗိုလ်ချုပ်ခင်ညွှန့် လမ်းညွှန် မှုဖြင့် ၁၉၉၅-ခုနှစ်တွင် စစ်တပ်မှာ ဖြီုဖျက်ခဲ့ပါသည်။ ၄င်းဗလီသည် ရခိုင် ဘုရင့်နန်းတော် တည်ဆောက်ခဲ့သည့် အုတ်များဖြင့်သာ ဆောက်လုပ်ခဲ့ပြီး ရခိုင်ဘုရင့် နန်းတော်ထက် တစ်နှစ် စောလျှင်စွာပင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ရခိုင့် ဘုရင့်တပ်မတော်တွင် ရှိသည့် အစ္စလာမ် ဘာသာဝင်တွေအတွက် ထို အစ္စလာမ်ဘာသာဝင်များ နေတိုင်း ဘုရားဝတ်ပြုရသည်ကို ရခိုင်ဘုရင် မှ သိရှိသောကြောင့် နန်းတော် မဆောက်ခင် ၄င်း နန်းတော် တည်ဆောက်မည့် နေရာနှင့် မနီးမဝေးတွင် ဤ ဗလီအား တည်ဆောက်လုပ်ပေးခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်ခင်ညွှန့် လမ်းညွှန်မှုဖြင့် အစ္စလာမ် ဘာသာဝင်တွေရဲ့ အမွှေအနှစ်တွေ သာမက ရခိုင်တွေရဲ့ အမွှေအနှစ်တွေကိုပါ ဖျက်ဆီးခဲ့ပါသည်။ တစ်ချို့ ရခိုင့် ဘုရား ပုထိုးများတွင် ရှိသည့် ဌါပဏာ ပစ္စည်းတွေကို ပါ စစ်အစိုးရမှ သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ လမ်းတံတား တည်းဆောက်ရာတွင် ရွှေအိုးများစွားရရှိတူဖော် ရရှိခဲ့သော်လည်း ထို ရခိုင်လူမျိုးပိုင် အဖိုးတန်ပစ္စည်းများအား စစ်အစိုးရမ သိမ်းယူခဲ့ပါသည်။မြောက်ဦး မြို့သည် ထူးဆန်းမှုများစွာရှိသည့် သမိုင်းဝင် နေရာတစ်ခု ဖြစ်ပါသည်။

မောင်တော၊ ဘူသီးတောင် ရှိ အစ္စလာမ် ဘာသာဝင်များအား နစက များမှ အမျိုးမျိုး ဒုက္ခမျိုးစုံပေးခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များသည် ရခိုင်ပြည်နယ်ဆိုသည့် ထောင်ထဲတွင် နေခဲ့ရခြင်းဖြစ်ပါသည်။
ယခုဆိုလျှင် ထိုကဲ့သို့ နေရသသည်မှာ နှစ်ပေါင်းများစွာပင် ရှိခဲ့ပြီဖြစ်ပါသည်။မောင်တော၊ ဘူသီးတောင် တွင် အာဏာပိုင်များက လူပင် မဆိုထားနှင့် တိရစ္ဆာန် ဘယ်သူ့မှာ ဘယ်နှစ်ကောင် ရှိသည်ကို အတိအကျ စာရင်းပြုစုထားခြင်းဖြစ်ပါသည်။ မိမိပိုင်ဆိုင်သည့် ကျွဲနွားများကိုပင် မိမိ ပိုင်ဆိုင်သည်ဟု အာဏာပိုင်များရှေ့မှောက်တွင် ပြောဆို၍ မရပေ။ ထိုသို့ အိမ်မွေး တိရစ္ဆာန်များ ဘယ်နှစ်ရက်နေ့မှာ ဘယ်နှစ်ကောင်မွေးတယ်ဆိုသည့် သတင်းကိုပါ အာဏာပိုင်များအားပေးရပါသည်။ သစ်အိမ်တစ်အိမ် ဆောက်လျှင်တောင်မှ အိမ်မဆောက်ခင် ခြောက်လ တစ်နှစ် ကြိုကာ နစက များအား သတင်းပေးရပြီး ၄င်းအိမ် ကုန်ကျစရိတ်ကို နစက များအားတင်ပြရမည်ဖြစ်ပြီး အိမ်အတွက် လိုအပ်သည့် ပစ္စည်းစာရင်းများကို ပါတင်ပြရသည်ဖြစ်ပါသည်။

ထိုသို့ အိမ်ဆောက်ရာတွင် ကျွန်း နှင့် ပျဉ်းကတိုး များကို လုံးဝ အသုံးပြုခွင့်မရှိပါ။ ကျွန်း နှင့် ပျဉ်းကတိုး သုံးခဲ့သည်ရှိသော် နစက မှ အိမ်ပိုင်ရှင်အားခေါ်ယူကာ ညင်းပန်းနှိပ်စက်မှုများ ပြုလုပ်ပြီး လျှော်ကြေးအပြစ် ငွေကြေးအမြောက်အမြားလည်း ပေးရပါသည်။ ထိုသို့ မပေးနိုင်ပါက ဒေသန္တရ အုပ်ချုပ်ရေး စနစ်အရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ချမှတ်ပါသည်။
မောင်တော ဒေသရှိ အစ္စလာမ် ဘာသာဝင်များ နေကာ(လက်ထပ်ခြင်း) အတွက် ခြောက်လကြိုကာ ခွင့်ပြုချက် တောင်းယူရပါသည်။ထိုသို့ လက်ထပ်ခြင်း မတောင်းဆိုဘဲ ထိမ်းမြားမင်္ဂလာဆောင်ပါက ဒေသန္တရ ဥပဒေဖြင့် တရားစွဲဆို ထောင်ဒါဏ်ချမှတ်ခြင်းခံရပါသည်။ ထိုသို့ ခွင့်ပြုတောင်းယူရာတွင် အာဏာပိုင်များအား ငွေကြေးအမြောက်အများပေးဆောင်ရပါသည်။
ရခိုင်ပြည်နယ် တစ်ပြည်လုံးရှိ ဗလီများမွမ်းမံခြင်း ၊တည်ဆောက်ခြင်း ဗလီလုံခြုံရေးအတွက် အကာကွယ်အဖြစ် အုတ်တံတိုင်းများ တည်ဆောက်ခြင်းကိုလည်း တားမြစ်ပိတ်ပင်ခဲ့ပါသည်။ဗလီ မွန်းမံလျှင် ဗလီ ဂေါပက အဖွဲ့ဝင်များအား တရားစွဲ ထောင်ဒဏ်ချမှတ်ပါသည်။
၁၉၉၃-ခုနှစ် နောက်ပိုင်းကာလ များတွင် ရခိုင်ပြည်နယ်ရှိ၊ လမ်းတံတားနှင့် ဗုဒ္ဓဘာသာဝင်တို့၏ အဆောက်အဦးများတည်ဆောက်ရာတွင် အစ္စလာမ် ဘာသာဝင်များအား လုပ်အားပေး ပေါ်တာ အဖြစ် တစ်အိမ် တစ်ယောက် ပုံစံဖြင့် ခေါ်ယူသွားလေ့ရှိပြီး ၊ လမ်းတံတား နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အဆောက် အဦးများတည်ဆောက်ရာတွင် အစ္စလာမ် ဘာသာဝင်များ၏ လုပ်အားဖြင့်သာ စစ်တပ်မှ တည်ဆောက်ခိုင်းပါသည်။ အမှားအယွင်း နည်းနည်း ရှိပါက စစ်တပ်မှ ရက်စက်စွာ ရိုက်ပါသည်။ စစ်တွေမြို့ရှိ လောကာနန္ဒာစေတီ တည်ဆောက်ခြင်း၊ စစ်တွေ ဗုဒ္ဓပြတိုက် တည်ဆောက်ခြင်း ၊ စစ်တွေ မြို့တော်ခန်း တည်ဆောက်ခြင်း ၊ စစ်တွေ ကမ်းနားလမ်း တည်ဆောက်ခြင်းတို့မှာ အစ္စလာမ် ဘာသာဝင်များ၏ ချွေးနှင့်ပင် တည်ဆောက်ခြင်း ဖြစ်ပါသည်။စစ်တွေ တက္ကသိုလ်၊ စစ်တွေ နည်းပညာကောလိပ် တည်ဆောက်ရာတွင် အစ္စလာမ် ဘာသာဝင်များ၏ လယ်မြေများသိမ်းယူကာ တည်ဆောက်ခြင်းဖြစ်ပါသည်။ စစ်တွေမြို့၊ လမ်းမကြီးပေါ်ရှိ ဦးဥတ္တမ ပန်းခြံမှာ ယခင်က MD ဦးမာရကန် ပိုင်ဆိုင်သည့် မြေပင်ဖြစ်ပါသည်။ စစ်တွေ၊ လမ်းကြီးရှိ ဗလီကြီး ပိုင် မြေနေရာ အချို့ကို သိမ်းယူကာ စစ်တွေ ယဉ်ကျေးမှုပြတိုက်အား ဗလီကြီးနှင့် ကပ်လျက်တည်ဆောက်ခဲ့ပါသည်။

၁၉၉၅-ခုနှစ်တွင် စစ်တွေ မွတ်လင်မ် သချိုင်းနားမှ ကျောင်းထိုင် ဘုန်ကြီးအား ဗိုလ်ချုပ်ခင်ညွှန့်မှ အားပေးအားမြောက်ကာ ၄င်း ဘုန်းကြီးကျောင်း အနီးရှိ အစ္စလာမ် ဘာသာဝင်များအား အမျိုးမျိုး နှိပ်စက်ခဲ့ပါသည်။ထို အစ္စလာမ်ဘာသာဝင်များ၏ ကျွဲနွားများကို သိမ်းယူခြင်း၊ ကျွဲနွားကျောင်းသည့် အစ္စလာမ်ဘာသာဝင်များအား ဖမ်းဆီး ရိုက်နှက်နှိပ်စက်ခြင်းများစွာလုပ်ခဲ့ပါသည်။၎င်းအပြင် ၁၉၉၅-ခုနှစ်မှာဘဲ စစ်တွေ နာဇီရွာတွင် ထို ဘုန်းကြီးမှ အကြီးအကျယ် ပြသနာဖန်တီးခဲ့ပါသည်။ ၄င်းနောက် ၂၀၀၁-ခုနှစ် ဖေဖော်ဝါရီ လတွင် အစ္စလာမ် ဘာသာဝင် အမျိုးသမီး တစ်ဦးမှ ကိုရင်လေး တစ်ပါးအား ရိုက်ခဲ့သည်ဟု ဆိုကာ ပြသနာဖန်တီးခဲ့ပြီး အစ္စလာမ် ဘာသာဝင်တွေပိုင်ဆိုင်သည့် အောင်မင်္ဂလာရပ်ကွက် နှင့် နာဇီ (စက်ရုံစု) ရပ်ကွက်တို့တွင် အိမ်ခြေ ၆၀၀ ကျော် ရခိုင်အစွန်းရောက်များနှင့် ဘုန်းကြီးများမှ မီးရှို့ဖျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် တော်တော်များများ အသတ်ခံခဲ့ရပါသည်။ထို့အပြင် ၂၀၀၃-ခုနှစ် စစ်တွေ တက္ကသိုလ်တွင် အစ္စလာမ်ဘာသာဝင်ကျောင်းသား အချို့က မိန်းကလေး အိမ်သာအား သွားချောင်းသည်ဟု စွပ်စွဲကာ တစ်ခါ တုတ်၊ဓါးတွေ ကိုင်ပြီး ပြသနာအကြီးအကျယ် တက်ခဲ့ပြီး အစ္စလာမ် ဘာသာဝင် ကျောင်းသားအချို့ ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပါသည်။ထိုကိစ္စနှင့် ပက်သက်၍ စစ်တွေ တက္ကသိုလ်တွင် အစ္စလာမ် ဘာသာဝင်များ လက်မခံရန် ရခိုင်ပြည်နယ် တိုင်းမှုးအား တောင်းဆိုခဲ့ရာ မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် စစ်တွေ တက္ကသိုလ်သည် ယခင် မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါတ်တာ မဟာသီ၏ အလှုငွေ နှင့် ဟာဂျီမ ဒေါ်ပု ၏ အလှုငွေအချို့ဖြင့် တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ စစ်တွေ တက္ကသိုလ်တွင် သုံးထားသည့် ပစ္စည်းများတွင် (Made in Malaysia) ဟူသည့် စာတန်းကို တွေ့ရှိရမည် ဖြစ်ပါသည်။

၎င်းနောက် စစ်တွေမြို့ရှိ ရခိုင်တွေ သင်ပြသည့် အင်္ဂလိပ်စကားပြော သင်တန်းကျောင်းများသို့ အစ္စလာမ် ဘာသာဝင်များကို လုံးဝ လက်မခံတော့ပါ။ အစ္စလာမ်ဘာသာဝင်များကို လက်ခံပေးသည့် ကျောင်းများတွင် ရန်ကုန်မြို့ရှိ” ရခိုင်သာဟာယအသင်း” မှ အစ္စလာမ် ဘာသာဝင်များအား အင်္ဂလိပ်စကားပြော သင်မပေးရန် တိုက်ရိုက် ခြိမ်းခြောက်စာများ ပို့ဆောင်ခဲ့ပါသည်။ တစ်ချို့ အစ္စလာမ် ဘာသာဝင် ကျောင်းသားများသည် အင်္ဂလိပ်စကားပြော သင်တန်းသို့ သွားရာ လမ်းတစ်ဝက်တွင် ရခိုင်ကျောင်းသားများ၏ အုပ်စုဖွဲ့ မတရား အနိုင်ကျင့်ခြင်းများ ခံခဲ့ရပါသည်။ တုတ်များဖြင့်ရိုက်နှက်ခြင်း ခံရသည်လည်း မနည်းပါ။ ထိုသို့ အစ္စလာမ် ဘာသာဝင်များကို အင်္ဂလိပ် စကားပြော သင်တန်းမှာ လက်မခံရန် တစ်ချို့ နာမည်ကြီး ကျောင်းထိုင် ဆရာတော်များမှ လှုပ်ရှားဆောင်းရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အစ္စလာမ် ဘာသာဝင်များသည် အင်္ဂလိပ် စကားတတ်လျှင် စကားလေးမျိုး တတ်သည် ဖြစ်ပြီး ၊ တစ်ချို့ ဆိုလျှင်(၅) မျိုး(၆) မျိုး ပြောတတ်ပါသည်။ ထိုသို့ ပြောတတ်သည့် သူများအား NGO တွေမှာ ဦးစားပေး အလုပ်ခန့်တာကြောင့် ရခိုင်လူမျိုးများ မနာလိုမှုများရှိလာခဲ့ခြင်း ဖြစ်ပါသည်။၂၀၀၄-ခုနှစ်တွင် ဘူးသီးတောင် မှ အစ္စလာမ် ဘာသာဝင် တက္ကသိုလ်ကျောင်းသား တစ်ဦး ဦးအောင်မြတ်ကျော်( ယခု ရခိုင်အစိုးရ ပြန်ကြားရေး တာဝန်ခံ)၏ ကွန်ပျူတာသင်တန်းကျောင်းဖြစ်သည့် Informatics Center သွားတက်ရာ ည(၉) နာရီ မထိုးခင်အချိန်မှာ ပြန်လာသည့်လမ်းတွင် ကျေးပင်ကြီးရပ်ကွက်မှ ရခိုင်လူမျိုး ခိုင်ထီး နှင့် အဖွဲ့ မှ ထိုကျောင်းသားအား သံတုတ်ဖြင့် ရိုက်ခဲ့သောကြောင့် နောက်နေ့ နေ့လည်တွင် သွေးအန်ပြီး သေဆုံးသွားခဲ့သော်လည်း အစိုးရမှ တာဝန်ယူဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ထိုကျောင်းသားမှ စစ်တွေ ရဲစခန်းသို့ ထိုနေ့ညမှာပင် သွားတိုင်ရာ စစ်တွေ တက္ကသိုလ် မှ ပါမောက္ခချုပ် ဦးဘရွှေ နှင့် ရဲအရာရှိများက ရခိုင်လျိုမျိုးများ ရိုက်ခဲ့သည်ကို မပြောရန် ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။ ထိုကျောင်းသားသည် အရိုက်ခံရသည့် နေ့တွင် ကောင်းနေသော်လည်း နောက်နေ့ နေ့လည်တွင် သွေးအန်နေသောကြောင့် စစ်တွေပြည့်သူ့ဆေးရုံသို့ ပို့ရာ ၊ စစ်တွေ ပြည်သူ့ ဆေးရုံမှာ ပင် သေဆုံးသွားခဲ့ပါသည်။ ထို ကျောင်းသား၏ အလောင်းအား စစ်တွေမြို့ရှိ အာဏာပိုင်များက စက်လှေဌါးကာ လုံခြုံရေး အစောင့်အရှောက်ဖြင့် ဘူးသီးတောင် မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထို့ပြင် ရခိုင်ပြည်ရှိ အစ္စလာမ် ဘာသာဝင်များကို ရခိုင်ပြည်နယ် အတွင်းမှာပင် ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ရပါသည်။ ခရီးသွားလျှင် လ၀က မှ ပုံစံ(၄) ခေါ် Travailing Allowance စာလျှောက်ယူရပါသည်။ ထိုသို့ လျှောက်ယူရာတွင် ပုံစံ(၄) တစ်စောင်လျှင် လ၀က အား ငွေကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးဆောင်ရပြီး တစ်ခါပေးလျှင် (၁၄) ရက်သာခွင့်ပြုပြီး ၊ (၁၄) ရက် ကုန်ဆုံးသွားပါက လ၀က ကို အသိမပေးလျှင် တရားစွဲခြင်း ခံရပြီးထောင်ဒဏ် ခြောက်လ ချမှတ်ခံရပါသည်။ ရက်တိုးချင်လျှင် ၁၄ ရက် မကုန်ဆုံးခင်မှာ လ၀က ကို သတင်းပေးပြီး ပြည်နယ် လ၀က ရုံးတွင် ရက်တိုးကြေး အဖြစ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိပေးဆောင်ရပြီး နောက်ထပ် (၁၄) ရက် ရက်တိုးယူရပါသည်။

ထိုကဲ့သို့ တစ်နှစ် နေပါက (၁၄)ရက် တစ်ခါ လ၀က ရုံးတွင် ရက်တိုးယူရပါသည်။ ကျောင်းသားများဆိုလျှင် ရက်ပေါင်း (၄၀) ရပါသည်။ စစ်တွေ တက္ကသိုလ် ကျောင်းတက်လာသည့် ကျောင်းသားများ ဆိုလျှင် ထိုသို့ ပုံစံ (၄) ယူရန် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တင်ရပြီး၊ ခရိုင်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တစ်ဆင့် ပြည်နယ်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီသို တင်ပြရပါသည်။ ထိုသို့ တင်ပြရာတွင် မောင်တော ၊ဘူးသီးတောင်မှ ကျောင်းသားများအား အစိုးရမှ ကျောင်းအချိန်မှီ မတက်နိုင်ရန် ၊ကျောင်းခေါ်ကြိမ်မပြည့်ရန် ရည်ရွယ်ချက်ဖြင့် နောက်ကျပြီး စာမေးပွဲ နီးကပ်သည့် အချိန်မှ ထိုခရီးသွားခွင့် လက်မှတ် ပုံစံ (၄) အားထုတ်းပေးပါသည်။ ထိုကျောင်းသား များသည် စစ်တွေ တက္ကသိုလ်သို့ ရောက်ရှိသည့် အချိန်တွင် နောက်ကျသဖြင့် စာမေးပွဲဖြေခွင့်မရရှိတာလည်းရှိခဲ့ပါသည်။ တစ်ခါ တစ်ခါ ကျောင်းသားပေါင်း (၅၀၀) လောက် စာမေးပွဲဖြေခွင့် မရရှိခဲသည်လည်း ရှိခဲ့ဖူးပါသည်။၎င်းကို မကြာသေးခင်က ပညာရေးဝန်ကြီးမှ သိပံနှင့် နည်းပညာဝန်ကြီး ဖြစ်လာသည့် ယခင် စစ်တွေ တက္ကသိုလ် မှ ပါမောက္ခချုပ် (မာန်အောင် ရခိုင်) ဦးဘရွှေ အကွက်ကျကျ အစ္စလာမ် ဘာသာဝင်များ ကျောင်းတက်လို့ မရအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

တစ်ချို့ ကျောင်းသားများဆိုလျှင် အတော် ဒုက္ခခံပြီး မှ ကျောင်းတက်ရပါသည်။ အထူး သဖြင့် မောင်တော၊ ဘူးသီးတောင် မှ ကျောင်းသာများ အိမ်ပြန်လျှင် နောက်တစ်မှာ နောက်ကျလို့ စာမေးပွဲ ဖြေလို့ မရသောကြောင့် အိမ်မပြန်ဘဲ တစ်ဆက်တည်း တက်ခဲ့ရသည်လည်း ရှိခဲ့ပါသည။ တစ်ချို့ ဆိုလျှင် ထိုသို့ စစ်တွေ မြို့သို့ ဆက်တိုက် နေသည်ကို လ၀က မှာ တည်းခိုခန်းများ ၊အဆောင်များတွင် လာရောက်စစ်ဆေးကာ ဖမ်းဆီးပြီး မောင်တော ဘူးသီတောင်သို့ ပြန်လွှတ်ခဲ့ပါသည်။ ကျောင်းသား ဖြစ်သောကြောင့် ထောင်ဒဏ် မချသော်လည်း မောင်တော၊ ဘူးသီးတောင် သို့ အတင်း နှင်ခြင်း ဖြစ်ပါသည်။စစ်တွေ တက္ကသိုလ် ဂုဏ်ထူးတန်း၊မဟာတန်း ပါသည့် အစ္စလာမ် ဘာဝာ၀င် ကျောင်းသားများအား ဂုဏ်ထူးတန်း နှင့် မဟာတန်းကို လုံးဝ တက်ရောက်ခွင့် မပေးပါ။ ၄င်းအပြင် ဥပဒေ နှင့် ဘူမိဗေဒ ဘာသာရပ်ကိုလည်း လုံးဝ သင်ခွင့်မပေးပါ။ ယခု စာရေးသူမှာ ဘူမိဗေဒ ဘာသာရပ်ကို ရရှိသော်လည်း ကျောင်း တစ်ပိုင်း တစ်စတွင် ပြန်ပြောင်းခဲ့ရပါသည်။

ရခိုင်ပြည်နယ်ရှိ ကျန်ရှိဒေသများမှာလည်း လူနည်းစု အစ္စလာမ် ဘာဘာဝင်များ ယခုကဲ့သို့ ခံစားနေရခြင်း ဖြစ်ပါသည်။ ယခင်က ကိုယ့်မြို့ ကိုယ့်ဒေသအတွင်း သွားလာ၍ ရပြီး ယခု ရခိုင်ပြသနာ ဖြစ်ပြီးကတည်းက ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ အခြေအနေမှာ ပိုမို စိုးရွားလာခဲ့ပါသည်။မောင်တော ၊ ဘူးသီးတောင်မှ လွှဲ၍ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော ၊ကျောက်ဖြူုမြို့နယ် နှင့် ကျန်ရှိ ဒေသအချို့ မှ အစ္စလာမ် ဘာသာဝင်တွေဟာ မိမိတို့ မြို့မှာပင် သွားလာခွင့်မရှိပါ။ စစ်တွေမြို့ မှာဆိုရင်ဖြင့် စစ်တွေ မြို့ထဲသို့ အစ္စလာမ် ဘာသာဝင်တွေ လုံးဝ ခြေချခွင့် မရှိပါ၊ ထိုသို့ စစ်တွေ မြို့ထဲမှ နှင်ချခံရသော အစ္စလာမ် ဘာသာဝင်များ မြို့ထဲရှိ တစ်ခုတည်းကျန်ရှိနေသော အောင်မင်္ဂလာ ရပ်ကွက်ကိုပင် သွာလာလို့မရပါ။ အောင်မင်္ဂလာမှ ထွက်ပြီး သက္ကေပြင်ဘက်သို့ သွားပါက အောင်မင်္ဂလာ ကို ပြန်ဝင်ခွင့်မရှိပါ။

စစ်တွေမြို့ထဲ ပိုင်းသည် သုံးမိုင်ပတ်လည်သာရှိပါသည်။ မနှစ် က ၂၀၁၂-ခုနှစ် ဇွန်အရေး အခင်းမှာ အစ္စလာမ် ဘာသာဝင်များရဲ့ ဘာသာရေး အဆောက်အဦးများ နှင့် နေအိမ်များ သိန်းစိန် အစိုးရ၏ အစီစဉ်ဖြင့် တိုက်ခိုက်မီးရှို့ခံရပြီး ၄င်းတို့၏ စည်းစိမ်များကို သိမ်းယူကာ စစ်တွေ မြို့ထဲမှ အစ္စလာမ် ဘာသာဝင်များအား စစ်တွေမြိုထဲနှင့် ၆.၅ မိုင်ခန့်ဝေးသည့် အစ္စလာမ် ဘာသာဝင်တွေ အများစုနေထိုင်သည့် သဲချောင်း၊ဘောဒူဖ၊ သေက္ကပြင် ၊ ဒုံးပြင်၊ ရေချမ်းပြင် ကျေးရွာများသို့ ပြောင်းရွေ့လိုက်ပါသည်။
ထိုသို့ အစ္စလာမ် ဘာသာဝင်များ စစ်တွေမြို့ထဲတွင် ပြန်လာခွင့် မရပါ။ စစ်တွေ လေယာဉ်ကွင်းသို့ သွားရမည်ဆိုလျှင်လည်း လုံခြုံရေး ယူရန် လုံထိန်းများအား ကြိုတင် အသိပေးကာ တစ်ယောက်လျှင် လုံခြုံရေးခ တစ်သိန်းနှုန်းဖြင့် ပေးဆောင်ရပါသည်။

စစ်တွေ ဆေးရုံတွင် ကလေးမီးဖွါးရန် ဆေးရုံတက်လျှင်လည်း ကောင်းမွန်စွာ ကုသပေးခြင်းမရှိဘဲ တစ်ချို့ဆိုလျှင် ကလေး အသတ်ခံရသည်အထိ ရှိခဲ့ပါသည်။ မိသားစု ၀င်များလည်း သွားရောက်ကြည့်ရှုခွင့် မရှိပါ။ ထိုနည်းတူစွာ စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းချ ခံရသည့် အစ္စလာမ် ဘာသာဝင်များအား မိသားစု ၀င်များမှ သွားရောက်ကြည့်ရှုရန် အတော်ပင် အခက်အခဲ ရှိလှပါသည်။ စစ်တွေမြို့ ဘုမေ ရပ်ကွက်နားရှိ စီမံကိန်းရုံးတွင် နှစ်ပတ် (သို့) တစ်ပတ်ကြိုကာ ခွင့်ပြုချက်တောင်းခံရပြီး လုံခြုံရေးပေးမှ သာလျှင် စစ်တွေ အကျဉ်းထောင်သို့ သွားရောက်ကြည့်ရသည် ဖြစ်ပြီး ထိုသို့ လုံခြုံရေးပေးသည့် လုံထိန်းများအား ငွေကြေးအမြောက်အများပေးဆောင်ရပါသည်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေမှန်ကို မသိရှိသေးသည့် သူများသိရှိရန် ရည်ရွယ်ပြီး ရေးခြင်း ဖြစ်ပါသည်။

စာရေးသူ၏ ရွာမှ လူငယ် သုံးယောက်နှင့် ကျန်ရွာများမှ လူငယ်တစ်ချို့ အားလုံးပေါင်း ၁၀ ယေက်ကို ရန်ကုန် ပို့ပေးမယ် ဆိုပြီး လမ်းခရီးတစ်ဝက်တွင် စစ်တပ်ကို အပ်ပေးကာ စစ်တပ်မှ ၄င်းတို့အား မိမိတို့တွင်း မိမိတို့ကို တူးခိုင်းခဲ့ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ပါသည်။ မိဘတွေ အခုထိ သူတို့ သားသမီတွေကို မျော်နေတုန်းပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်တော်တို့ ရွာကို ရခိုင်တွေ ခဏခဏ ပြသနာ လာရှာပါတယ်။ အဲဒီ သတ်လိုက်တဲ့ သူတွေဟာ ကျွန်တော်တို့ စစ်တွေမြို့ရဲ့ သူရဲကောင်းလေးတွေပါ။ သူတို့ကို ရခိုင်တွေ တုန်အောင်ကြောက်တယ်။ သူတို့ အရမ်း သတ္တိရှိတယ်။