We need solution for refugees not the terrorism?

ရိုဟင်ဂျာတွေကိုပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်မတိုင်ခင် ARSA အရေးကိုမြန်မာရှေ့တန်းတင်လာ

ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၈ Myanmar Muslim Media

မြန်မာဟာသူတို့ပေးပို့ထားတဲ့သူတို့ခေါ်ဆိုတဲ့ အကြမ်းဖက်သမားနဲ့ရာဇ၀တ်သမားစာရင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့နဲ့ သတင်းအချက်အလက်တွေထောက်ပံ့သွားဖို့ ဘင်္ဂလားဒေ့ရှ်ကိုတိုက်တွန်းခ့တယ်လို့ မြန်မာမီဒီယာဖော်ပြချက်ကိုကိုးကားပြီးး UNB သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ဒီစာရင်းကိုဘင်္ဂလားဒေ့ရှ်ကိုအစောပိုင်းကပေးပို့ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီကနှစ်ဦးနှစ်ဖက်ပါဝင်တဲ့အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ရိုဟင်ဂျာ၇သိန်းနီးပါးကို ပြန်လည်ပို့ဆောင်လက်ခံသွားဖို့လုပ်ငန်းစဉ်စတင်မဲ့ဒိတ်ကိုအတည်ပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ မြန်မာပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေက သောကြာနေ့ကဒါးကမြို့မှာကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆာဒက်ဇ်မန်ခန်နဲ့တွေ့ဆုံပွဲအတွင်း တောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ UNB ကဖော်ပြခဲ့ပါတယ်။

အစောပိုင်းတုန်းကမြန်မာဟာ ARSA သောင်းကျန်းသူ ၁၃၀၀ကျော်ရဲ့အမည်စာရင်းကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ အစွန်းရောက်မှုဆိုင်ရာလေ့လာရေးဥရောပစင်တာက အကြံပေးတစ်ဦးဖြစ်သူမောင်ဇာနည်က ဒီအဖွဲ့ဟာရိုဟင်ဂျာလူထုကိုစနစ်တကျဖိနှိပ်ကွပ်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့ရတာဖြစ်တယ်လို့ဆိုထားပါတယ်။ “ဒါဟာအစိုးရကယူဆထားသလို မြန်မာလူ့အဖွဲ့အစည်းရဲ့အသည်းနှလုံးကိုတိုက်ခိုက်ဖို့ရည်ရွယ်ထားတဲ့အကြမ်းဖက်အဖွဲ့မဟုတ်ပါဘူး”လို့ မောင်ဇာနည်ရဲ့ပြောဆိုချက်ကိုကိုးကားပြီး အဲလ်ဂျာဇီးယားသတင်းဌာနကဖ်ာပြခဲ့ပါတယ်။

၁၉၈၀ခုနှစ်မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိုင်ရာသဘောတူညီချက်နဲ့အတူ ARSA အစွန်းရောက်တွေကိုလွှဲပြောင်းပေးအပ်သွားဖို့ ဘင်္ဂလားဒေ့ရှ်ကိုတောင်းဆိုထားတာဖြစ်တယ်လို့ UNB ကဆိုပါတယ်။ သောကြာနေ့ညနေဒါးကမြို့မှာကျင်းပခဲ့တဲ့အစည်းအဝေးအတွင်း နယ်စပ်တည်ငြိမ်ရေးနဲ့လုံခြုံရေးပေါ်မှာတိုးမြှင့်လုပ်ဆောင်သွားဖို့ တရားမ၀င်မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကိုတိုက်ဖျက်သွားဖို့ ရွှေ့ပြောင်းလာတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကိုပို့ဆောင်သွားဖို့ နားလည်မှုတိုးမြင့်တည်ဆောက်ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက်လုံခြုံရေးပူးပေါင်းဆောင်ရွက်သွားဖို့ တွေဆွေးနွေးသဘောတူညီမှုရရှိခဲ့ပါတယ်။

လုံခြုံရေးအပိုင်းဆွေးနွေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရဲ့နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံတာဝန်ရှိသူတွေဟာပုံမှန်တွေ့ဆုံစီစဉ်မှုတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းဌာနကဖော်ပြခဲ့ပါတယ်။ လက်ထောက်ဝန်ကြီးနဲ့အတွင်းရေးမှူးအဆင့်နှစ်စဉ်တွေ့ဆုံမှုတွေပြုလုပ်သွားဖို့ပြင်ဆင်ထားပြီး လိုအပ်ပါက၀န်ကြီးအဆင့်တွေ့ဆုံမှုတွေကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

EN.Prothomalo သတင်းဌာနပါ “Myanmar pushes ARSA issue before Rohingya repatriation” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

 
Note: What about the atrocities of military junta who killed thousands of innocent women, children and elderly brutally. And also what about those 10 people in Sandway who were brutally killed without any reasons.