Requirement by Rohingya people

The words used by Myanmar genocide government’s minister Win Myat Aye in his interview with media regarding his visit to Bangladesh have many twists. If the government has real intension to solve the long standing Rohingya crisis, it is very simple to agree upon:
i. To restore the equal and indiscriminate citizenship rights to Rohingya after stopping accusatory term illegal immigrants and Bengalis before the repatriation.
ii. To announce the resettlement of refugees who fled to escape the genocidal persecution on their own homelands.
iii. To announce northern Arakan a safe zone under international supervision.
iv. To declare the return back of moveable and immoveable properties that snatched from Rohingya for sorts of intentions.
v. To ensure the highest punishment to all the culprits of genocide.
vi. To uplift all the restrictions that applied on the Rohingya.

ရိုဟင်ဂျာတို့အပေါ် လူမျိုးတုံးသတ်လျက်ရှိသည့် မြန်မာနိုင်ငံ ဝန်ကြီး ဦးဝင်းမြင့်အေး၏ မီဒီယာနှင့် တွေ့ဆုံဆွေး နွေးစဉ် အသုံးအနှုန်းများသည် များစွာကောက်ကျစ်ပြီး အဓိပ္ပာယ်များစွာ ကောက်ယူနိုင်သည်။ သူပြောဆိုပုံကို သတိထားမိပါက သူ့ခရီးစဉ်တစ်ခုလုံးသည် နိုင်ငံတကာ အသိုင်းအဝန်းကို လှည့်စားရန် ဥာဏ်နီဥာဏ်နက် သုံး နေခြင်းဖြစ်ကြောင့် သိသာထင်ရှားပါသည်။
အကယ်စင်စစ် မြန်မာအစိုးရသည် ရေရှည် သောင်မတင် ရေမကျဖြစ်နေသော ရိုဟင်ဂျာပြဿနာကို စိတ်ထား မှန်မှန်ကန်ကန် ဖြေရှင်းလိုသည်ဆိုပါက-
က။ ရိုဟင်ဂျာတို့အား မတရားခိုးဝင် ဘင်္ဂါလီဟု စွပ်စွဲခြင်းအား ရပ်ဆိုင်းပြီး နေရပ်ရင်း မပြန်မီ အခြားတိုင်း ရင်းသားများတန်းတူ၊ ခွဲခြားဆက်ဆံမှု ကင်းမဲ့သည့် နိုင်ငံသားအခွင့်အရေး အပြည့်အဝကို ယင်းတို့၏ လက်ထဲသို့ ထုတ်ပေးရန်။
ခ။ လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်ကင်းရန် ထွက်ပြေးထိန်းရှောင်လျက်ရှိသော ရိုဟင်ဂျာတို့အား မိမိတို့၏ မူလ အိုးအိမ်တည်ဆောက် နေထိုင်ခဲ့ကြသည် နေရာ၌ပင် ပြန်လည်နေရာချပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ကျေညာပေးရန်။
ဂ။ ရခိုင်ပြည်မြောက်ပိုင်း ဒေသတစ်ခုလုံးကို နိုင်ငံတကာ ကြီးမှူးသော လုံးခြုံဘေးကင်းသည့်ဇုံအဖြစ် သတ်မှတ်ကြောင်း ကျေညာပေးရန်။
ဃ။ ရည်ရွယ်ချက်မျိုးစုံဖြင့် လုယက် သိမ်းဆည်းထားခဲ့သည့် ရိုဟင်ဂျာတို့၏ ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင် သည့် ပိုင်ဆိုင်မှုအားလုံးကို မူလပိုင်ရှင်များ လက်ထဲသို့ လုံးဝ ပြန်လည်အပ်နှံမည့်အကြောင်း ကျေညာ ချက် ထုတ်ပြန်ရန်။
င။ လူမျိုးတုံးသတ်ဖြတ်မှု၌ ပါဝင်ပတ်သက်သည့် သက်ဆိုင်သူ တရားခံအားလုံးကို အမြင့်ဆုံးပြစ်ဒဏ် စီရင် မည့်အကြောင့် အာမခံချက်ပေးရန်။
စ။ ရိုဟင်ဂျာတို့အပေါ် ချမှတ်ထားခဲ့သည့် ကန့်သတ်ချုပ်ချယ်မှုအားလုံးကို ချွင်းချက်မရှိဘဲ ပြန်လည် ရုပ်သိမ်းပေးကြောင်း ကျေညာရန် … စသည်တို့ကို ဆောင်ရွက်ပေးစေလိုသည်။