5D Distinctions golden achievement

မောင်တောစာစစ်ဌာနမှ ၅-ဘာသာဂုဏ်ထူးဖြင့်????? ထူးချွန်စွာအောင်မြင်သော ချစ်တူမလေး မရူချီမြင့်အား ဤကဗျာဖြင့် ဂုဏ်ပြုလိုက်၏။ ????????????
????????????????
ရှားပါးသည့် အောင်မြင်မှု
☝☝☝☝☝☝☝☝
ပတ်ဝန်းကျင်တစ်ခုလုံးမိုးမစဲတမ်း
ကမ်းမမြင်လောက်အောင် ဖြစ်နေပေမယ့်လည်း
ရေပြင်ကြီးကိုကျော်ဖြတ်နိုင်ခဲ့ပြီ၊၊

အာကာပြင်ကတိမ်ဖုံးလမင်းလို
လမ်းမမြင်လောက်အောင် မှောင်နေပေမယ့်လည်း
အမှောင်ထုမှ ဖောက်ထွင်းနိုင်ခဲ့ပြီ။

ခရီးလမ်းတစ်လျှောက်လုံး
ဆူးခလုတ်တွေ ခင်းကျင်းထားပေမယ့်လည်း
ဆူးနင်းရင်း ပန်းကိုဆွတ်ခူးနိုင်ခဲ့ပြီ။

လွတ်လပ်တဲ့ပြိုင်ပွဲဝင်တွေကြား
လက်ထိတ်တွေ ခတ်ထားပေမယ့်လည်း
ရှားပါးသည့် အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ပြီ။

ရှုပ်ထွေးတဲ့ဇာတ်လမ်းတစ်ခုကို
မင်ကုန်ဆဲဆဲကလောင်လေးနဲ့
အပြီးတိုင် အခမ်းနားဆုံးချေမှုန်းနိုင်ခဲ့ပြီ။

#အာရကန်မြေဖွားလူငယ်တစ်ဦး (M Farooq)

Congratulations again. ????
I’m very proud of you. ????