My lovely Arakan Country – You are my life

အာရ်​ကာန်​​မြေ (ယခု ရခိုင်​ပြည်​) ကို ​ရိုဟင်​ဂျာ​တွေ အသက်​နဲ့ထပ်​တူ ချစ်​ခင်​ မြတ်​နိုးတာ ယုံမှားသံသယ ဖြစ်​စရာမရှိပါဘူး။ ဒီ သီချင်းကို စပ်​ဆိုထားတာ လွန်​ခဲ့တဲ့ နှစ်​​ပေါင်းနှစ်​ဆယ်​မက​တော့ဘူး ထင်​တယ်​။ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ နိုင်​ငံရပ်​ခြား ထွက်​ခွာသွားပြီး ပြည်​ဝင်​လာခွင့်​ မရတဲ့ ရိုဟင်​ဂျာတစ်​ဦးရဲ့ ရင်​ခုန်​သံကို စပ်​ဆိုထားတာလည်း ဖြစ်​ပါတယ်​။ သီချင်းစာသားအချို့ကို တိုက်​ရိုက်​ ဘာသာပြန်​​ပေးရရင်​–(((အို …ငါ့ မြတ်​နိုးရတဲ့ အာရ်​ကာန်​ … သင်​ဟာ ငါ့ရဲ့ အသက်​မက အသက်​ပါ…သင်​ မရှိတဲ့ ကမ္ဘာ့ဘယ်​​နေရာမှာပဲ ဖြစ်​ဖြစ်​၊ ငါ့ စိတ်​နှလုံး မသာမသာနဲ့ မတည်​မြဲဘူး)))(ကြယ်​၊ လ ကဲ့သို့ လှပသာယာတဲ့ ငါ့ ​ရွှေအာရ်​ကာန်​မြို့၊ သင့်​ကို ကြည့်​ရင်​ သုခဘုံလို ထင်​မှတ်​ရတယ်​)(ညချိန်​ခါဝယ်​ … အာရ်​ကာန်​ဥယျာဉ်​မှာ ပန်းပွင့်​​နေသလိုမျိုး ဖြစ်​ခဲ့တယ်​၊ အို လှပလွန်းတဲ့ ပိုးစုန်းကြူးက​လေး​တွေကို ငါ မြင်​​ယောင်​​နေမိတယ်​)(စိတ်​ညစ်​စရာကြုံခဲ့ရင်​ သင့်​​တော​တောင်​​တွေဆီ သွားလည်​ရင်း ခပ်​​အေး​အေး ​လေပြည်​​လေညင်းကိုခံရင်း စိတ်​နှလုံးကို ​​အေးမြ​စေခဲ့တယ်​)(အို … အာရ်​ကာန်​ … သင့်​ရင်​ခွင်​ရဲ့ ​မွှေးရနံ့​တွေ ​မေ့လို့မရဘူး၊ သင့်​​​မြေရဲ့​ကျေးဇူးတရား​တွေ ငါတို့ ​သွေး​ကြောတိုင်းမှာ စီးဆင်း​နေတယ်​)(​လေကြမ်း​ အမျိုးမျိုးတိုက်​ခတ်​မှု​ကြောင့်​ ပန်းပွင့်​​တွေ ဘယ်​​လောက်​များ ပွင့်​ပြီး ​ကြွေကျခဲ့ရသလဲ… ဒါ​ပေမယ့်​ အို အာရ်​ကာန်​ …. သင့်​ဥယျာဉ်​ အခုထိ အသက်​ရှင်​လျက်​ ရှိ​နေ​သေးတယ်​လို့ ငါ ယုံကြည်​ပါရဲ့)စသည်​ …..​သံစဉ်​မထည့်​ဘဲ ဒီအတိုင်း ဆိုထားတဲ့ သီချစ်​​လေးကို နား​ထောင်​ကြည့်​ပါ​လေ …..

Slået op af Zin Min Phyo i Lørdag den 4. august 2018