Government Document asked to swear to be a Rohingya

၁၉၈၅ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့မှာ မောင်တောမြို့နယ် လောင်းဒုံ ဆင်သေပြင် (ဟာသီဖာရာ) က ဦးမိုမာမတ်အာမီးန် ကို အစိုးရက မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း သစ္စာပြုကျမ်းကျိန်ခိုင်းခဲ့တယ်။ အဲဒီတုန်းက ဦးမိုဟာမတ်အာမီးန်က ဆော်ဒီအာရေဗျာကနေ ဟဂ်ျလုပ်ပြီး ပြန်ရောက်တဲ့ အချိန်။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံးမှာ ကျမ်းကျိန်ခိုင်းခဲ့တာပါ။ ကျမ်းကျိန်တာမှာ — ဦးမိုဟာမတ်အာမီးန် က ရိုဟင်ဂျာ လူမျိုး အစ္စလာမ် ဘာသာဝင် တစ်ဦး ဖြစ်ကြောင်း .. ၎င်းနဲ့ ၎င်းရဲ့ မိဘနှစ်ပါး၊ အဘိုးအဘွား လေးဦးတို့က မြန်မာပြည်ဖွား တိုင်းရင်းသားတွေ ဖြစ်ကြောင်း ရေးသားထားတယ်။ ဖတ်ကြည့်ပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိခဲ့ရင် .. ရိုဟင်ဂျာ ကို တိုင်းရင်းသားလို့ မသတ်မှတ်ခဲ့ရင် တရားရုံးက ဒီလို ရေးပါ့မလား? ဦးမိုဟာမတ်အာမီးန်က အခုတော့ အသက် (၈၅) နှစ်လောက်ရှိနေပြီ။ အခုထိ အသက်ရှင်လျက် ရှိနေပါသေးတယ်။ – Ro Nay San Lwin

Read More
Skip to toolbar