Rohingya of Arakan – အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ

အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ ရိုနေဆန်းလွင် RB News 27.8.2016 (၁) ၁၈၂၃ မတိုင်မီကတည်းက မြန်မာနယ်နိမိတ်အတွင်း ရှိနေခဲ့တဲ့ ရိုဟင်ဂျာတိုင်းရင်းသား၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ဖို့အတွက် ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်တဲ့ မျိုးနွယ်စုဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။ ရိုဟင်ဂျာမျိုးနွယ်စုက ၁၈၂၃ ခုနှစ်မတိုင်ခင်ကတည်းက အာရ်ကာန်ဒေသ (လက်ရှိ ရခိုင်ပြည်နယ်) မှာ ရှိနေခဲ့တဲ့ မျိုးနွယ်စုတစ်စု ဖြစ်တာကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရဆိုရင်လည်း တိုင်းရင်းသားမျိုးနွယ်စု တစ်စု ဖြစ်ပါတယ်။ – ဗြိတိန်နိုင်ငံသား ဒေါက်တာဖရန့်စစ်ဘူချနန်ရဲ့ ၁၇၉၉ ခုနှစ် မှတ်တမ်းမှာ အာရ်ကာန်ဒေသမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာတဲ့ မွတ်စလင် (မိုဟာမတ်ဒန်) များက သူတို့ကိုယ်သူတို့ ရိုအင်ဂ (ယနေ့ ရိုဟင်ဂျာ) လို့ ခေါ်တယ်လို့ ရေးထားတဲ့အပြင် ရိုဟင်ဂျာ ဘာသာစကား အချို့ကိုပါ သေချာမှတ်တမ်းတင်ထားတယ်။ ဒါက ရိုဟင်ဂျာတွေက ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရှိခဲ့ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတစ်ခုပါ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ တိုင်းရင်းသား သတ်မှတ်ခြင်းကို နိုင်ငံတော်ကောင်စီကသာ သတ်မှတ်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် လူမျိုး၊ ကိုးကွယ်တဲ့ဘာသာကို ခွဲခြားပြီး ရိုဟင်ဂျာကို တိုင်းရင်းသားစာရင်းထဲမှာ ဆက်လက်မထားတော့တာ ဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးနဲ့ ဘာသာစကား တူတဲ့ ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့ မာရမာကြီး၊ ဒိုင်းနက်တို့ကတော့ တိုင်းရင်းသားစာရင်းထဲမှာ ရှိနေသေးတယ်။(၂) ခေတ်အဆက်ဆက် တိုင်းရင်းသား နိုင်ငံသား ဖြစ်လို့ […]

Read More
Skip to toolbar